Widgeds

Wednesday, February 8, 2017

Telenor Simcard 366 ရက်အတွင်း ဖုန်းငွေမဖြည့်ပါက Sim Card ပိတ်သိမ်းမည်

ပုံမှန်ဖုန်းငွေဖြည့်ခြင်းဖြင့် သင့်၏ဖုန်းနံပါတ်ကို  ထိန်းသိမ်းရန် အကြုံပြုလိုပါသည်။ ဖုန်းငွေတစ်ခါဖြည့်တိုင်း သင်၏ ဆင်းကတ်သက်တမ်းမှာ ငွေဖြည့်သည့်ရက်မှစ၍ ၃၆၅ ရက်အထိ သက်တမ်းတိုးသွားပါမည်။ သင်နောက်ဆုံးဖုန်းငွေဖြည့်သည့်ရက်မှ ၃၆၅ ရက် အတွင်း ဖုန်းငွေမဖြည့်ပါက ဖုန်းနောက်ဆုံးငွေဖြည့်ရက်မှ ၃၆၆ ရက်မြောက်နေ့မှစ၍ ပထမအဆင့်အနေဖြင့် အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ငွေဖြည့်ပါက သင့်အကောင့်ပြန်လည်အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ရက် တိုးသွားပါမည်။

ဆင်းကတ်စတင်အသုံးပြုကတည်းက ရက်၆၀အတွင်း ငွေမဖြည့်ပါလျှင် ၆၁ ရက်မြောက်နေ့မှစ၍ ပထမအဆင့် အကောင့်ယာယီအပိတ်ခံရမည် ဖြစ်ပါသည်။ ရက် ၆၀အတွင်း ငွေဖြည့်ပါက သင့်အကောင့်ပြန်လည်အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ရက် တိုးသွားပါမည်။ ပထမအဆင့်ကောင့်ယာယီအပိတ်ခံရပါက အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။
*ပထမအဆင့်အကောင့်အပိတ်ခံရပြီး ရက်၉၀အတွင်းငွေမဖြည့်ပါက ၉၁ ရက်မြောက်မှစ၍ ဒုတိယအဆင့်အနေဖြင့် သင့်အကောင့် ယာယီအပိတ်ခံရပြီး၊ အဝင်နှင့်အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း နှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ရက် ၉၀အတွင်း ငွေဖြည့်ပါက သင့်အကောင့်ပြန်လည်အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ရက် တိုးသွားပါမည်။
* ဒုတိယအဆင့် သင့်အကောင့်ယာယီအပိတ်ခံရပြီးနောက် ရက်၉၀အတွင်းငွေမဖြည့်ပါက လက်ကျန်ငွေသက်တမ်း ကုန်ဆုံး သွားမည်ဖြစ်ပြီး၊ မည်သည့်ဝန်ဆောင်မှုကိုမှ အသုံးပြု၍ ရနိုင်တော့မည်မဟုတ်ပါ။ နောက်ထပ်ရက် ၃၀အကြာတွင် သင်၏နံပါတ်ကိုအပြီးပိတ်သိမ်းမည်ဖြစ်သည်။ သို့သော် ဒုတိယအဆင့် သင့်အကောင့်ယာယီအပိတ်ခံရပြီးနောက် ရက် ၉၀အတွင်း ငွေဖြည့်ပါက သင့်အကောင့်ပြန်လည်အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ရက် တိုးသွားပါမည်။

ထို့ကြောင့် သင်၏နံပါတ်ပိတ်သိမ်းသည့်အဆင့်အထိမရောက်မီ မည်သည့်အချိန်တွင်မဆို ဖုန်းငွေဖြည့်ခြင်းဖြင့် သင့်၏အကောင့်(ဖုန်းနံပါတ်)ကို  ထိန်းသိမ်းရန် အကြုံပြုလိုပါသည်။

No comments:

Post a Comment