Widgeds

Tuesday, February 7, 2017

အင်တာနက် နဲ့ Downloads ဆွဲတော့မည် ဆိုလျှင်

အင်​တာနက်​သုံးမယ်​ဆိုရင်​ =============== အင်​တာနက်​အသုံးပြုသူ​တွေအ​နေနဲ့ MB / GB အစရှိတာ​တွေ​တွေ့မြင်​ဖူး​နေကြမှာပါ.. ဥပမာ MPT ကအင်​တာနက်​နှုန်းထားက 1MB ကို ၅ကျပ်​.. data package ဝယ်​သုံးတာက 10GB ကိုကျပ်​ ၁၀၀၀၀..အစရှိသဖြင့်​​ပေါ.. အဲ့ဒီ MB /GB ဆိုတာဘာ​တွေလဲ...? Digital ; data : memory ; storage ​တွေရဲ့ပမာဏကိုသတ်​မှတ်​တဲ့​နေရာမှာ binary ကိုအ​သေးငယ်​ဆုံးအစိတ်​အပိုင်း unit အ​နေနဲ့သတ်​မှတ်​ပါတယ်​..သူတို့ရဲ့ဆက်​သွယ်​ပုံကို​အောက်​မှာကြည့်​ပါ... 1Bit = 1 Binary Digit 8Bits = 1Byte 1024 Bytes = 1KB(Kilo Byte) 1024KBs=1MB(Mega Byte) 1024MBs=1GB(Giga Byte) 1024GBs=1TB(Terra Bytes) 1024TBs=1PB(Peta Byte) 1024PBs=1EB(Exa Byte) 1024EBs=1ZB(Zetta Byte) 1024ZBs=1YB(Yotta Byte) 1024YBs=1 Bronno Byte 1024Bronno Bytes=1Geop Byte သင့်​ဖုန်းက​နေ​ 10 MB ပမာဏရှိတဲ့​ဆော့ဝဲလ်​တစ်​ခုကို​ဒေါင်းလုဒ်​ဆွဲ​တော့မယ်​ဆိုပါစို့... Operatorကို ပေးရတဲ့ နှုန်းထားက 1mb 5ks ဖြစ်​ခဲ့မယ်​ဆိုရင်​.. 10MB × 5 = 50 Ks ပါ... ​နောက်​တစ်​ခုကအင်​တာနက်​မြန်​နှုန်းပါ.. kb/s -mb/s အစရှိသဖြင့်​တစ်​စက္ကန့်​အင်​တာနက်​မြန်​နှုန်းနဲ့​ဖေါ်ပြပါတယ်​.. သင်​သုံး​နေတဲ့အင်​တာနက်​မြန်​နှုန်းက 500kb/s ဆိုရင် 10MB file size ရှိတဲ့​ဆော့ဝဲလ်​တစ်​ခုကို ဒေါင်းတဲ့အခါမှာကြာချိန်က 10 × 1024 ÷ 500 = ( 20.48 ) စက္ကန့်​ ပါခင်​ဗျ...

No comments:

Post a Comment