ဇန်နဝါရီ ၂၁ရက် နံနက်၈နာရီကျော် အချိန်တွင်ဖြစ်ပွားခဲ့သည့် အမြန်လမ်း
၎မိုင်၃ဖာလုံ ဟိုက်အေစ့်အံစာတုံးကား မီးလောင်မှုတွင်
ယာဉ်မောင်းဖြစ်သူအောင်ခန့်ကို ဖေဖော်ဝါရီ၂၀ရက် နေ့လည်တွင်
လှည်းကူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
"ဒီနေ့သူ့ကို ရာဇသက်ကြီး ပုဒ်မ၃၀၄(က)နဲ့ တရားစွဲဆိုထားပါတယ်။ တရားလိုကတော့
ရဲအုပ်ပြည်လင်းအောင်ပါ။ လိုပြသက်သေကိုတော့၂၇ရက်နေ့မှာစစ်ဆေးမှာပါ"ဟု
လှည်းကူးမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုကပြောသည်။
ကားမီးလောင်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီး ခုနှစ်ဦးနှင့်အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို အင်းစိန် CIDစစ်ဆေးနေကြောင်း သိရသည်။
No comments:
Post a Comment