Widgeds

Wednesday, February 22, 2017

ဒဂုံတောင်လူဆိုးခေါင်းဆောင် နဂါးလေးကို မင်းဘူးမြို့မှာ ဖမ်းဆီးရမိ

ရဲကားတွေကို ကားနဲ့တိုက်ပြီး ရုပ်ရှင်ဆန်ဆန်ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ တရားခံပြေး ဒဂုံတောင်လူဆိုးခေါင်းဆောင်နဂါးလေး(ခ) အောင်နိုင်မြင့်ဆိုသူကို ဒီနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) မနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဖမ်းမိခဲ့တဲ့ နဂါးလေး(ခ)အောင်နိုင်မြင့်က  ပစိဖိတ်ဓာတ်ပုံတိုက်ပိုင်ရှင်ကို ပြန်ပေးဆွဲတဲ့ အမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး မူးယစ်မှု၊ လုယက်မှုတွေနဲ့ တရားခံပြေး ကြေညာခံထားရသူဖြစ်ကာ ဒဂုံတောင်မြို့နယ်၊ (၂၀) ရပ်ကွက်၊ လှော်ကားလမ်းနဲ့ ဥဿဖုရားလမ်းဆုံမှာ ရဲတပ်ဖွဲ့က သူမောင်းလာတဲ့ X­TRAIL အမျိုးအစား ခဲရောင်ယာဉ်ကို ပိတ်ဆို့ဖမ်းဆီးတုန်းမှာ ရဲကားတွေကို တိုက်ပြေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

 

“မင်းဘူးကသူ့ဇနီးရဲ့ ဆွေမျိုးတော်စပ်သူနေအိမ်မှာ နဂါးလေးကိုဖမ်းမိခဲ့တာပါ၊ ဒီနေ့ပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကိုပြန်လွှဲအပ်ဖို့ စီစဉ်နေတယ်”လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတဲ့ နဂါးလေး (ခ) အောင်နိုင်မြင့်က လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဓားတွေ ကိုင်ဆောင်မှုကြောင့်ပုဒ်မ ၁၉(င) နဲ့ ထောင်ဒဏ်တစ်နှစ်ကျခဲ့သူဖြစ်ပြီး သူက တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ နိုက်ကလပ်တွေမှာ လူဆိုးလူမိုက်လောကသားတွေထဲမှာ သြဇာအာဏာလွှမ်းမိုးသူတစ်ဦးဖြစ်တယ်လို့ လူမိုက်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် နဂါးလေး (ခ) အောင်နိုင်မြင့်က ဒဂုံမြို့သစ်တောင်ပိုင်း၊ မြို့မရဲစခန်းက မယ(ပ)၁၃/၂၀၁၆၊ မူယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁/ကျင့် ၅၁၂၊ လမ်းမတော်မြို့မရဲစခန်း (ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂ တွေနဲ့ အမှုဖွင့်ခံထားရတဲ့ တရားခံပြေးတစ်ဦး ဖြစ်ပါတယ်။

Source : The Voice

Photos : Yangon Poilce


No comments:

Post a Comment