မြန်မာနိုင်ငံ၏
စတုတ္ထ မြောက်ဆက်သွယ်ရေးအော်ပရေ တာလိုင်စင်ကို ယခုလအတွင်း ပေးအပ်နိုင်မည်ဟု
ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှစုံစမ်းသိရသည်။
ဗီယက်နမ်မှ Viettel ဆက် သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်း ထားသည့် စတုတ္ထမြောက်ဆက် သွယ်ရေးအော်ပရေတာ (မြန်မာ အမျိုးသားပိုင်တယ်လီကွန်း ကုမ္ပ ဏီ)သည် ၁၅ နှစ်အတွင်း အ မေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည်။
ယခုလအတွင်း
လိုင်စင်ပေး အပ်မည့် စတုတ္ထမြောက် ဆက် သွယ်ရေးအော်ပရေတာအတွက် လိုအပ်သော
လှိုင်းနှုန်းစဉ်များကို အခြားသော ဆက်သွယ်ရေးအော်ပရေတာများနည်းတူ ရရှိစေရန်
ချန်လှပ်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနအဆင့်မြင့်အရာရှိတစ်ဦးက
ပြောသည်။
စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာသည် ကွန်ရက်
ဖြန့်ကြက်ရန် နိုင်ငံအတွင်း တည် ဆောက်ပြီးဖြစ်သည့် ဖိုက်ဘာ
လိုင်းများနှင့် တာဝါတိုင်များ ငှား ရမ်းအသုံးပြုမည်ဟု သတင်း
ထုတ်ပြန်ထားသည်။
စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာကို
မြန်မာ့ဆက် သွယ်ရေးကော်ပိုရေးရှင်းအပါအ ၀င် ပြည်တွင်းစီးပွားရေးကုမ္ပဏီ
ပေါင်း ၁၁ ခုပူးပေါင်းပါဝင်ထား သည်။ မြန်မာ့စီးပွားရေးကော်ပို
ရေးရှင်းလက်အောက်ရှိ MECTel ဖုန်းလိုင်း အသုံးပြုသူများကို စတုတ္ထမြောက်
ဆက်သွယ်ရေး အော်ပရေတာနှင့် ချိတ်ဆက်ပေး မည်ဟု သတင်းများထွက်ပေါ်နေ သည်
Waii Yann Winn {Ninja}
No comments:
Post a Comment