Widgeds

Thursday, May 11, 2017

ခိုးယူထားသည်ဟုဆိုသော မူးယစ်ဆေးဝါးများ ငွေကျပ်သိန်း ၃၈၀၀ ကျော်ဖိုး ဖမ်းဆီးရမိ

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မေ ၁၁ ။              ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ၀ိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ ဉာဏ်လင်း(ခ) ဉာဏ်ဝင်း(ဘ) ဦးသန်းညွန့်ငှားရမ်းနေထိုင်သည့်နေအိမ်မှ မေလ ၁၀ ရက်တွင် ခိုးယူထားသည်ဟု ဆိုသော မူးယစ်ဆေးဝါးများ( ငွေကျပ် သိန်း ၃၈၀၀ ကျော်ဖိုး )ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
ပလတ်စတစ်အ၀ါရောင်အိတ်ဖြင့်ထုပ်ပိုးထားသည့် အိုက်စ်အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၈၅၀ ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၂၁၂ သိန်းကျော်)၊အဖြူရောင်ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထုပ်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀၀၀ ပြား (ကာလတန်ဖိုး ငွေကျပ်သိန်း ၃၂၄၀ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူအား စိစစ်မေးမြန်းချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ကော်ကော့အပြင်ရပ်ကွက်ရှိ လူမနေသည့်နေအိမ်တစ်လုံးအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ပြီး ရန်အောင်မြေရပ်ကွက်နေ နိုင်လင်း(ခ) ဆံရှည်(ဘ) ဦးသိန်းကျော်ထံသို့လည်း ရောင်းချရန်ပေးအပ်ထားကြောင်းသိရှိရသဖြင့် အဆိုပါနေအိမ် သို့သွားရောက်ရှာ ဖွေရာ နိုင်လင်း ကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား  ၂၄၃၉၉ ပြား(ကာလတန်ဖိုးငွေကျပ် ၃၆၅ သိန်းခန့်) နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Sunday, April 23, 2017

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး
(JICM)ကို ဒီနေ့ ဧပြီ ၂၄ ရက် နေပြည်တော်မှာ ကျင်းပနေရာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။ ညှိနှိုင်းအစည်းအဝေးကို KNU/KNLA(PC) ၊ RCSS/ SSA၊၊ ALP ၊ KNU ၊
ABSDF ၊ DKBA ၊ PNLOနဲ့ CNF စတဲ့လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း၊ ဓာတ်ပုံ- ပိုင်စိုးသူ

Sunday, February 26, 2017

ရန်ကုန်တက္ကသိုလ် ရဲ့ ရှေ. မျက် နှာပြင်ကို ဆေးသုတ်လို့မရဖူးဆိုတာ

သမိုင်းတန်ဖိုးကြီးမားလွန်းတဲ့ ရန်ကုန် တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် ဘာလို့ဆေးမသုတ်တာလဲ...
***********************************
ပထမတစ်ခါ ဆေးသုတ်ဖူးပါတယ်
(1962)ကပါ အရေးအခင်းဖြစ်ပါတယ် တိုက်ဆိုင်တာပါဆိုပြီး
ဒုတိယအကြိမ်ဆေးသုတ်ပါတယ် (1975)ကပါ
အရင်ထက်ဆိုးတဲ့ အရေးအခင်းဖြစ်ပါတယ်
လူတွေသတိထားမိခဲ့ကြပါတယ်။
နောက်ဆုံး တစ်ကြိမ်ဆေးသုတ်တော့
ကန့်ကွက်သူတွေ ထောက်ခံသူတွေဆူညံနေပေမယ့်
(1988)ဖေဖေါ်ဝါရီလမှာ
စတင်ဆေးသုတ်လိုက်ပါတယ်။
8888လုံး အရေးအခင်းကြီး ဖြစ်ခဲ့ပြီးနောက်
ယနေ့ချိန်ထိ မည်သူမှဆေးမသုတ်ကြတော့ပါ...

ဗဟုသုတ အနေနဲ့ပါ

Lin Htike Soe

Friday, February 24, 2017

ဂျပန် အပြာကား မင်းသမီး ကို တရုတ် သူဌေးက ပေါင် ၅ သန်းပေးပြီးအလုပ်ခန့်


တရုတ် မီလီယံနာ သူဌေးတစ်ဦးဟာ ဂျပန်နိုင်ငံက နာမည်ကြီး အပြာကား မင်းသမီး တစ်ဦးကို စတာလင်ပေါင် ၅ သန်းအကုန်အကျခံပြီး ကိုယ်ရေးအရာရှိအဖြစ်ငှားရမ်းလိုက်ကြောင်း တရုတ်သတင်းစာတစ်စောင်က ရေးသားဖော်ပြလိုက်ပါတယ်။ တရုတ်စီပွားရေးလုပ်ငန်းရှင် ဘီလီယံနာ သူဌေး ဟာ အဆိုပါ အပြာကားမင်းသမီးကို သူ့ရဲ့လက်ထောက်အဖြစ် ၁၅ နှစ်လုပ်ကိုင်ပေးဖို့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။
လူပေါင်းများစွာတက်ရောက်တဲ့ ပွဲတစ်ခုမှာ အဆိုပါတရုတ်လုပ်ငန်းရှင်သဌေးနဲ့ ဂျပန် porn star တို့အတူတကွ မြင်ခဲ့ကြရပါတယ်။ ဒါပေမယ့် အဆိုပါဘီလီယံနာဟာ မျက်နှာဖုံးစွပ်နဲ့ ပွဲကိုတက်ရောက်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသဲကွဲဖြစ်နေပါတယ်။ အပြာကားဇာတ်လမ်းတွေရိုက်ကူးတဲ့ ဂျပန်မင်းသမီးက တော့ ရိုလာမီဆာကီဖြစ်ပြီး သူမဟာ ရုရှားသွေးတစ်ဝက် ဂျပန်သွေးတဝက်ပါဝင်သူဖြစ်တယ်လို့ သတင်းစာတွေက ရေးသားကြပါတယ်။
အထက်ပါ လုပ်ငန်းရှင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ဘယ်သူဖြစ်တယ်ဆိုတာကို ရိပ်မိနေကြပြီး ဖျော်ဖြေရးလုပ်ငန်းတွေမှာ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံထားသူဖြစ်တယ်လို့ ဆိုပါတယ်။ ငှားရမ်းခံခဲ့ရတဲ့ မီဆာကီကတော့ အသက် ၂၃ နှစ်သာရှိသေးပြီး ၁၉၉၂ ခုနှစ်မွေးဖွားသူဖြစ်ပါတယ်။ ချစ်စဖွယ်မျက်နှာကို ပိုင်ဆိုင်ထားတာကြောင့် အချိန်တိုအတွင်းမှာ လူသိများအောင်မြင်လာသူဖြစ်ပါတယ်။
Credit:Planet
planet.com.mm